လေးကြိမ်​​မြောက်​ ခြ​င်္သေ့အကစွမ်းရည်​ ဖိတ်ခေါ်ပြိုင်​ပွဲ Junction Squareမှာ ​ယ​နေ့ကျင်းပ

Festival, Local, News, Religion
Spread the love

စတုတ္ထကြိမ်​​မြောက်​ တရုတ်​နှစ်​သစ်​ကူးအထိမ်းအမှတ်​ ​ခြ​င်္သေ့အကစွမ်းရည်​ ဖိတ်​​ခေါ်ပြိုင်​ပွဲကို Junction Square, Open ပလာဇာမှာ ယနေ့ညပိုင်းက
ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

အဆိုပါပြိုင်​ပွဲကို ​ဖေ​ဖော်​ဝါရီလ ၉ရက်​​နေ့မှ ၁၄ရက်​​နေ့အထိကျင်းပပြုလုပ်​သွားမှာဖြစ်​ပြီး အသင်း၁၇သင်းပါဝင်​ယှဉ်​ပြိုင်​မှာဖြစ်​ပါတယ်​။

ဖေ​ဖော်​ဝါရီလ ၁၂ရက်​နဲ့ ၁၃ရက်​​နေ့မှာ ဆန်ကာတင်​အ​ကောင်းဆုံး ခြ​င်္သေ့အသင်း ၁၀သင်းကိုယှဉ်​ပြိုင်​​စေမှာဖြစ်​ပြီး ထိုအထဲမှ ၄သင်း​ရွေးချယ်​ကာထပ်​မံယှဉ်​ပြိုင်​​စေမှာဖြစ်​ပါတယ်​။

ဖေ​ဖော်​ဝါရီလ ၁၄ရက်​​နေ့မှာြ​ခ​င်္သေ့အကနောက်​ဆုံးပြိုင်​ပွဲကြီးကိုကျင်းပမှာဖြစ်​ပြီး Junctionစင်​တာအုပ်​စုမှ ချန်​ပီယံဆု၊ပထမဆု၊ဒုတိယဆုနဲ့ နှစ်​သိမ့်​ဆုများကို ​ပေးအပ်​ချီးမြှင့်​သွားမှာဖြစ်​ပါတယ်​။

ယခင်​နှစ်​မှာဆိုရင်​ ၂၀၁၇ခုနှစ်​ Junction Chinese Lion Dancing Contestပြိုင်​ပွဲ ချန်​ပီယံဆုကို မိုးနဂါးအသင်းမှ ရရှိခဲ့တာဖြစ်​ပါတယ်​။

Source ;  PyiMyanmar Journal