1 week long Hlaing Thar Yar fire is started extinguishing with Bio Foam

Crime, Local, News
Spread the love

ထိန်ပင် အမှိုက်ပုံမီးလောင်ပြင်ကို BIO FOAM ဆေးရည်များအသုံးပြု၍ စတင်ငြိမ်းသတ်

လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံမီးလောင်ပြင်ကို ထိုင်းနိုင်ငံမှ ၀ယ်ယူသော BIO FOAM ဆေးရည်ဖြင့်ယနေ့ဧပြီလ၂၇ရက်နေ့မှစတင်ကာ ငြိမ်းသက်လျှက်ရှိကြောင်း သိရသည်။

“မနက်ထဲကစပြီး BIO FOAM နဲ့ဖြန်းနေတာ။ မီးသတ်ကားပေါ်မှာရေနဲ့ရောစပ်တာ ။တစီးကို ဂါလံ၂၀၀ဆန့်တယ်လေ။မီးကတော့ထိန်းချုပ်နိုင်နေပါပြီး။အရှင်းငြိမ်းဖို့ကတော့ကြိုးစားရဦးမယ်”ဟု မီးလောင်ပြင်တွင် ကိုယ်တိုင်မီးငြိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောသည်။

ထိန်ပင် အမှိုက်ပုံသည် ဧပြီလ၂၁ရက်နေ့မှစတင်လောင်ကျွမ်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအရှေ့ ပိုင်းခရိုင် ၊အနောက်ပိုင်းခရိုင် နှင့် မြောက်ပိုင်းခရိုင်တို့ ရှိ မြို့ နယ် ၇ မြို့ သို့ မီးခိုးငွေ့ များ ပျံ့ နှံ့ ခဲ့ပြီး ပြည်သူ လူထုကျန်းမာရေးထိခိုက်ခဲ့သောကြောင့် ထိုင်နိုင်ငံမှ BIO FOAMဆေးရည် ဂါလံ၁၈၀၀ဖြင့် ဖြန်းသတ်လျက်ရှိကြောင်းသိရသည်။

Source ;  Facebook