10 Killed, 5 injured in car accident

Crime, Disaster, News
Spread the love

လူ(၁၀)ဦး ေသဆုံးျပီး (၅)ဦး ဒဏ္ရာရခဲ႔သည္႔ ယာဥ္တိုက္မႈ
———————————
ေမာ္လျမိဳင္ RESCUE လူမႈကယ္ဆယ္ေရးအဖြဲ႔ မွ လူမႈကြန္ယက္ စာမ်က္ႏွာ တြင္ ေဖၚျပခ်က္အရ 26.12.2019 နံနက္(၁၀)နာရီခန္႔က ေမာ္လျမိဳင္-မုဒုံသြား လမ္းမႀကီးေပၚ မုဒုံျမိဳ႕အဝင္ ကြမ္တာေက်းရြာအပိုင္တြင္ ဘုရားဖူးယာဥ္ ဟိုက္ဂ်က္ကားနဲ႔ (၆)ဘီး သဲကားတို႔ တိုက္မႈျဖစ္ပြားျပီး ဟိုက္ဂ်က္ယာဥ္ ေပၚပါ (၁၅)ဦးအနက္ (၁၀)ဦးေသဆုံးျပီး (၅)ဦး ဒဏ္ရာရမႈ ျဖစ္ပြားခဲ႔ေၾကာင္းသိရွိရသည္။ ေယာဥ္တိုက္မႈျဖစ္ပုံကေတာ႔ ဟိုက္ဂ်က္နဲ႔ သဲကားမွာ လားရာတူ ယူမွ ေမာင္းလာျခင္းျဖစ္ျပီး ဟိုက္ဂ်က္မွ (၆)ဘီးကားကို ေက်ာ္တက္ျပီး ယာဥ္ေၾကာထဲျပန္ဝင္ခ်ိန္ (၆)ဘီးကားေရွ႕ထဲ ဝင္သြားျခင္းျဖစ္ပါသည္။  ဟိုက္ဂ်က္ကားမွာ ဘားအံ ေကာ႔လိႈက္ေက်းရြာေန ဦးတင္႔ ဆိုသူ ေမာင္းႏွင္လာသည္႔ ကားျဖစ္ျပီး (၆)ဘီးမွာ သံျဖဴဇရပ္ က်ံဳကဒတ္ ေက်းရြာေန တင္ေအာင္စိုး(၅၃)ႏွစ္ ေမာင္းႏွင္လာသည္႔ ကားျဖစ္ပါ သည္။

ေသဆုံး ဒဏ္ရာရသည္႔ ဘုရားဖူးကားေပၚမွလူမ်ားမွာ ၾကိဳ႔ပင္ေကာက္ ဇီးကုန္း ေအာင္လံ ႏွင္႔ ဘားအံ ေကာ႔လိႈက္ရြာမွလူမ်ားျဖစ္ပါသည္။
ဘုရားဖူးအလည္ လာၾကရင္း က်ိဳက္ခမီဘုရားဖူးသြားၾကစဥ္ ျဖစ္ပြား၍ ေသဆုံးခဲ႔ျခင္း ျဖစ္ပါသည္။ က်ား(၆)မ(၄) စုစုေပါင္း(၁၀)ဦးေသဆုံးျပီး က်ား(၁)မ(၄)ဦး ေမာ္လျမိဳင္ေဆးရုံႀကီးတြင္ ေဆးကုသမႈ ခံယူေနရပါသည္။ ကားေခါင္းခန္းတြင္း ညွပ္ေနျပီး အသက္ရွင္ေနသည္႔ ကေလးတစ္ဦး အား ကယ္ဆယ္ေရးအဖြဲ႔မ်ားမွ ကယ္ဆယ္ခဲ့ သည္ဟု သိရသည္။

ကေလးအား ေအာက္ဆီဂ်င္ေပး အားေပးစကားမ်ားေျပာ၍ ထိန္းထားေပးကာ ေမာ္လျမိဳင္ခရိုင္မီးသတ္ တပ္ဖြဲ႔မွ ကတ္တာမ်ား ကရိန္းကားမ်ား အသုံးျပဳ ျဖတ္ေတာက္၍ အသက္ရွင္လ်ွက္ ကယ္ထုတ္ႏိုင္ခဲ႔ပါသည္။  အခင္းျဖစ္ပြားရာေနရာသို႔
ေမာ္လျမိဳင္ခရိုင္မီးသတ္တပ္ဖြဲ႔၊ မုဒုံမီးသတ္တပ္ဖြဲ႔၊ ေမာ္လျမိဳင္ျမိဳ႕ေပၚကြန္ယက္မွ အေရးေပၚလူမႈကယ္ဆယ္ေရးအဖြဲ႔မ်ား မုဒုံျမိဳ႕နယ္ကြန္ယက္မွ အေရးေပၚကယ္ဆယ္ေရးအဖြဲ႔မ်ား ၾကက္ေျခနီတပ္ဖြဲ႔၊ ရဲတပ္ဖြဲ႔တို႔မွ ပူးေပါင္းကူညီေပးႏိုင္ခဲ႔ၾကပါသည္။
အသက္ရွင္ျပီး ေမာ္လျမိဳင္ေဆးရုံႀကီးတြင္ ေဆးဝါးကုသမႈ ခံယူေနသူမ်ားမွာ – ေဒၚမာမာဦး (49)ႏွစ္ (ဘ)ဦးစိုးတင္ အာင္လံျမိဳ႕ မေကြးတိုင္း – ေဒၚၾကဴၾကဴေထြး (42)ႏွစ္ (ဘ)ဦးသိန္းေအာင္ ဘားအံ – မျဖဴျဖဴသင္း (16)ႏွစ္ (ဘ)ဦးတင္ေအာင္ႏြယ္ ေအာင္ျပည္သာရြာ – ေမာင္ေကာင္းျမတ္သူ (13)ႏွစ္ (ဘ)ဦးကိုကိုေထြး ႀကိဳ႕ပင္ေကာက္ – ေဒၚမာမာဝင္း (55)ႏွစ္ (ဘ)ဦးတင္ေမာင္ ဇီးကုန္း ျပည္ တို႔ျဖစ္ေၾကာင္းသိရပါသည္။ သက္ဆိုင္သူ မိသားစုမ်ားထံ ဆက္သြယ္ အေၾကာင္းၾကားထားျပီး ျဖစ္ေၾကာင္းသတင္း ရရွိရပါသည္။

 

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ မှ လူမှုကွန်ယက် စာမျက်နှာ တွင် ဖေါ်ပြချက်အရ 26.12.2019 နံနက်(၁၀)နာရီခန့်က မော်လမြိုင်-မုဒုံသွား လမ်းမကြီးပေါ် မုဒုံမြို့အဝင် ကွမ်တာကျေးရွာအပိုင်တွင် ဘုရားဖူးယာဉ် ဟိုက်ဂျက်ကားနဲ့ (၆)ဘီး သဲကားတို့ တိုက်မှုဖြစ်ပွားပြီး ဟိုက်ဂျက်ယာဉ် ပေါ်ပါ (၁၅)ဦးအနက် (၁၀)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ယာဉ်တိုက်မှုဖြစ်ပုံကတော့ ဟိုက်ဂျက်နဲ့ သဲကားမှာ လားရာတူ ယူမှ မောင်းလာခြင်းဖြစ်ပြီး ဟိုက်ဂျက်မှ (၆)ဘီးကားကို ကျော်တက်ပြီး ယာဉ်ကြောထဲပြန်ဝင်ချိန် (၆)ဘီးကားရှေ့ထဲ ဝင်သွားခြင်းဖြစ်ပါသည်။  ဟိုက်ဂျက်ကားမှာ ဘားအံ ကော့လှိုက်ကျေးရွာနေ ဦးတင့် ဆိုသူ မောင်းနှင်လာသည့် ကားဖြစ်ပြီး (၆)ဘီးမှာ သံဖြူဇရပ် ကျုံကဒတ် ကျေးရွာနေ တင်အောင်စိုး(၅၃)နှစ် မောင်းနှင်လာသည့် ကားဖြစ်ပါ သည်။ ေသေဆုံး ဒဏ်ရာရသည့် ဘုရားဖူးကားပေါ်မှလူများမှာ ကြို့ပင်ကောက် ဇီးကုန်း အောင်လံ နှင့် ဘားအံ ကော့လှိုက်ရွာမှလူများဖြစ်ပါသည်။
ဘုရားဖူးအလည် လာကြရင်း ကျိုက်ခမီဘုရားဖူးသွားကြစဉ် ဖြစ်ပွား၍ သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။ ကျား(၆)မ(၄) စုစုပေါင်း(၁၀)ဦးသေဆုံးပြီး ကျား(၁)မ(၄)ဦး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပါသည်။ ကားခေါင်းခန်းတွင်း ညှပ်နေပြီး အသက်ရှင်နေသည့် ကလေးတစ်ဦး အား ကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ခဲ့ သည်ဟု သိရသည်။  ကလေးအား အောက်ဆီဂျင်ပေး အားပေးစကားများပြော၍ ထိန်းထားပေးကာ မော်လမြိုင်ခရိုင်မီးသတ် တပ်ဖွဲ့မှ ကတ်တာများ ကရိန်းကားများ အသုံးပြု ဖြတ်တောက်၍ အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါသည်။  အခင်းဖြစ်ပွားရာနေရာသို့ မော်လမြိုင်ခရိုင်မီးသတ်တပ်ဖွဲ့၊ မုဒုံမီးသတ်တပ်ဖွဲ့၊ မော်လမြိုင်မြို့ပေါ်ကွန်ယက်မှ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များ
မုဒုံမြို့နယ်ကွန်ယက်မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကူညီပေးနိုင်ခဲ့ကြပါသည်။ အသက်ရှင်ပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသူများမှာ – ဒေါ်မာမာဦး (49)နှစ် (ဘ)ဦးစိုးတင် အာင်လံမြို့ မကွေးတိုင်း – ဒေါ်ကြူကြူထွေး (42)နှစ် (ဘ)ဦးသိန်းအောင် ဘားအံ – မဖြူဖြူသင်း (16)နှစ် (ဘ)ဦးတင်အောင်နွယ် အောင်ပြည်သာရွာ – မောင်ကောင်းမြတ်သူ (13)နှစ် (ဘ)ဦးကိုကိုထွေး ကြို့ပင်ကောက် – ဒေါ်မာမာဝင်း (55)နှစ် (ဘ)ဦးတင်မောင် ဇီးကုန်း ပြည် တို့ဖြစ်ကြောင်းသိရပါသည်။ သက်ဆိုင်သူ မိသားစုများထံ ဆက်သွယ် အကြောင်းကြားထားပြီး ဖြစ်ကြောင်းသတင်း ရရှိရပါသည်။