Shwedagon in blood fish died because of the heat and water conditions

ရွှေတိဂုံ သွေးဆေးကန်အတွင်းရှိ ငါးများ အပူဒဏ်နှင့် ကန်ရေအခြေအနေကြောင့် သေဆုံး ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတီဂုံစေတီတော်မြောက်ဘက်မုခ်ရှိ သွေးဆေးကန်အတွင်းရှိ ငါးများ အပူရှိန်မြင့်မားမှုနှင့် ကန်ရေအခြေအနေကြောင့် သေဆုံးလျှက်ရှိကြောင်း တွေ့ရသည်။ သွေးဆေးကန်တွင် အပူချိန်များသောကြောင့် ရွှေဝါငါးကြင်း၊ ငါးခူးနှင့် အခြားဘေးမဲ့လွတ်ထားသောငါးများ သေဆုံးနေသည်ကို တွေ့မြင်ရသည်။ Source: News Watch

Tornado in the township, Salingyi Half-destroyed more than 400 homes in townships

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အရာတော်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ၀က်လက်မြို့နယ်တို့တွင် အိမ်ခြေ(၄၀၀)ကျော် ပျက်ဆီး ဧပြီလ(၁၈)ရက်ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် မုံရွာခရိုင် အရာတော်မြို့နယ် ဝါးတန်းကျေးရွာအုပ်စုအပါအဝင် ကျေးရွာ(၇)ရွာ၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများနှင့် ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှ ကျေးရွာ(၁)ရွာရှိ စုစုပေါင်း အိမ်ခြေ(၄၇၀)ခန့် ပျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ Source: News Watch