2nd Hand Items sales for donation to general hospital

Local, News
Spread the love

အဟောင်းတွေရောင်းလို့ စက်တွေလှူ ပြည်သူ့ ဆေးရုံ ကိုတို့ ဝိုင်းကူ ” ဒုတိယအကြိမ်မြောက် အဟောင်းရောင်းပွဲ ပထမနေ့ ရောင်းသူဝယ်သူတွေနဲ့စည်ကားနေ

” အဟောင်းတွေရောင်းလို့ စက်တွေလှူ ပြည်သူ့ ဆေးရုံ ကိုတို့ ဝိုင်းကူ ” ဒုတိယအကြိမ်မြောက် အဟောင်းရောင်းပွဲ ကို Myanmar Culture Valley တွင် ယနေ့ မေလ ၁၃ရက်နေ့ မှာ ကျင်းပနေပါတယ်။
သည်အဟောင်းရောင်းပွဲမှာဆိုရင် မီးဖိုးချောင်သုံးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်း၊ အိုးခွက်ပန်းကန်၊ အဝတ်အစား၊ အိတ်တွေ၊ ဖိနပ်တွေ၊ ဖန်စီပစ္စည်းတွေ၊ အရုပ်၊ စာအုပ်၊ ကလေးဆော့စရာပစ္စည်းတွေ နဲ့  ခရီးဆောင်အိတ်တွေ ပါရှိကြောင်းသိရှိရပါတယ်။
သည်ပွဲမှာ ရောင်းချဖို့ အတွက် အဟောင်းပစ္စည်းတွေကို Myanmar Culture Valley သို့ လာရောက်ပေးပို့ နိုင်ကြောင်းသိရပါတယ်။ သည်အဟောင်းပွဲကိုတော့ မေလ ၁၉ရက်နေ့  အထိကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။
ငြိမ်းဆည်းဆာထက်

Source: Kumudra