about one thousand people lost their 100 houses in Yay Za Kyo Fire 894 persons became homeless .

Crime, Local, News, Photo
Spread the love

About 154 houses burn down because of Yay Za Kyo Fire. Government Authorities supported 1 lakh per house and rice for one week.

ရေစကြိုမီး အိမ်တစ်ရာကျော်ဆုံးရှုံး၊ လူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်                                                  =========================================

မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့်လူနေအိမ် ၁၅၄ လုံးအထိ မီးလောင်ဆုံးရှုံးခဲ့သည့် ရေစကြိုမီးဘေးသင့် ပြည်သူများအတွက် အစိုးရက တစ်အိမ်တစ်သိန်းနှုန်းအပြင် တစ်ပတ်စာဆန်ဖိုးပါ ထောက်ပံ့မည်ဖြစ် သည်။
မီးဘေးသင့်သူများအတွက် မကွေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနက တစ်အိမ်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ် ၁၅၄ သိန်း၊ လူတစ်ဦးအတွက် တစ်ပတ်စာ ဆန်ဖိုး ကျပ် ၂,၁၀၀ ကူညီထောက်ပံ့မည်ဟု တိုင်းညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။
သစ်ကြီးတောကျေးရွာနေ ဦးပေါ်ဦး၏ ထန်းလက်မိုး၊ ထန်းလက်ကာမြေစိုက်နေအိမ်တွင် မတ်လ ၃ ရက် ည ၈ နာရီခွဲခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အိမ်အကာသို့ မီးကူးစက်လောင်ကျွမ်းခြင်းကြောင့် လူဦးရေ ၈၉၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ရေစကြိုမီးသတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

« 1 of 2 »

Source ;  Facebook