BPI, commander surrounded by more than 100 employees

Local, News
Spread the love

BPI စက်ရုံမှုးရုံးထုတ်ကို စက်ရုံဝန်ထမ်း ၁၀၀ ကျော် လာရောက်ဝန်းရံ

အဂတိအမှုနဲ့ ထိန်းသိမ်းခံနေရတဲ့ အင်းစိန် BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို ဒီနေ့ အင်းစိန်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်မှာဖြစ်ပါတယ်။
ဒေါက်တာအောင်ဇော်ရဲ့ ရုံးထုတ်ကို ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ စက်ရုံဝန်ထမ်း ၁၀၀ကျော်က လာရောက်ဝန်းရံနေပါတယ်။
ဆေးဝါးပစ္စည်းထုပ်ပိုးရာမှာ သုံးတဲ့ ကော်စေ့ ၂၆တန်ကို လုပ်ထုံး၊ လုပ်နည်းနဲ့ မညီဘဲ ဝယ်ယူခဲ့တယ်ဆိုပြီး အဂတိကော်မရှင်က ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ နဲ့ အင်းစိန်မြို့မရဲစခန်းမှာ စက်တင်ဘာ ၆ရက်က အမှုဖွင့်ခဲ့တာပါ။
သတင်း- စိုင်းကိုကိုထွန်း
ဓာတ်ပုံ-ကျော်ဇင်သန်း

Source: 7Day News