Danu Autonomous Region is a unique white water creek

Local, News
Spread the love

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထူးခြားတဲ့ ရေဖြူထွက်ချောင်း

ဒီတစ်ခေါက် ထူးထူးခြားခြားအနေနဲ့ ရေဖြူထွက်တဲ့ ချောင်းလေးရှိတဲ့ ဒေသကို မိတ်ဆက်ပေးချင်ပါတယ်။ တကယ်ကိုပဲ Adventure Trip ခရီးစဉ် တစ်ခုအဖြစ် သည်းထိတ်ရင်ဖိုနဲ့ ဗီယက်နမ်က သဲချောင်းလေးထဲ လမ်းလျှောက်ရသလို၊ ယိုးဒယား စမ်းချောင်း ဈေးတန်းမှာ သွားနေရသလို ခံစားစေရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။

အဲဒီနေရာကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် တပ်ကုန်းကျေးရွာမှာရှိတဲ့ ရေဖြူထွက် စမ်းချောင်းလေးပဲ ဖြစ်ပါတယ်။ တောင်ကျချောင်းရေ ဖြစ်ပြီးတော့ ချောင်းရိုးစီးဆင်းရာ တစ်လျှောက်မှာ ရေတိမ်တစ်လှည့် ရေနက်တစ်လှည့်နဲ့ တောင်ကြားထဲမှာ ကွေ့ပတ်စီးဆင်းနေတာ ဖြစ်ပါတယ်။ ချောင်းဖျားထိပ်နား မရောက်ခင်လေးမှာ ထူးဆန်းစွာ ရေဖြူတွေထွက်နေတဲ့ နေရာလေးတစ်ခု ရှိပြီးတော့ အဲဒီနေရာလေးကို ကျောက်တမံကိုင်ထားပြီး ရေကူးကန် အငယ်လေး တစ်ခုလို လုပ်ထားကာ အမျိုးသား၊ အမျိုးသမီးတွေ အဲဒီနေရာလေးထဲမှာ ရေဝင်စိမ်နေတာကို မြင်ရပါတယ်။

Source: Eleven Media Group