Daw Aung San Su Kyi , together with family at last Journey of Ko Pu

Life, Local, News
Spread the love

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ကိုပုရဲ့ နောက်ဆုံးခရီး                    =================================================

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိနဲ့ အလုပ်လုပ်ကိုင်ခဲ့သူ ကိုပုရဲ့ ဈာပနကို နေပြည်တော်၊ ကွေ့ကြီးသုဿန်မှာ ဒီကနေ့ နံနက် ၁၁နာရီလောက်က မီးသဂြိုလ်ခဲ့ပါတယ်။ကိုပုဟာ ၉၆ပါးရောဂါနဲ့ နေပြည်တော်ကုတင်(၁၀၀၀)ဆံ့ဆေးရုံမှာ ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီကနေ့ ကိုပုရဲ့ နောက်ဆုံးခရီးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ကွယ်လွန်သူ အသက်(၄၃)နှစ်အရွယ် ဦးထွန်းထွန်းဝင်း(ခ) ခင်ထွေး(ခ) ကိုပုဟာ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံခေါင်းဆောင်အဖြစ် ရန်ကုန်မှာ နေထိုင်စဉ်ကစပြီး လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နေပြည်တော်မှာ တာဝန်ထမ်းဆောင်ချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ထိန်းသိမ်းစောင့်ရှာက်တဲ့တာဝန် ထမ်းဆောင်ခဲ့သူပါ။ ကိုပုရဲ့ဇနီးဖြစ်သူ မဝေဟာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ကျွေးနေသူတစ်ဦး ဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာတော့ ကိုပုမှာ ဇနီးဖြစ်သူ မဝေ အပြင် ၆လအရွယ် သားလေး မောင်မင်းချမ်းမြေ့(ခ)ဖိုးချမ်း ကျန်ရစ်ခဲ့ပါတယ်။

Source ;  Mizzima – News