Difficulties for travelers in Pathein – Mon Ywar Road Route because of heavy rain

General, Local, News
Spread the love

မိုးကြီးမှုကြောင့် ပုသိမ်-မုံရွာလမ်းပိုင်း ကတ္တရာလမ်းကျိုးပေါက် ခရီးသွားတွေအခက်ကြုံနေ

 

နေပြည်​​တော်​၊​ဇွန်​လ(၃)ရက်​။မ​ကွေးတိုင်း​ဒေသကြီး မြိုင်​မြို့နယ်​မှာ ဇွန်​လ ၂ ရက်​​နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လင်းကတောကျေးရွာနဲ့တောရွာကျေးရွာကြား မိုင်တိုင်အမှတ် ၄၁၆/၄-၅ကြား ရေပြွန်အမှတ် ၄၁၇/၁ မှာရေစီးအားမနိုင်တာ​ကြောင့်​ ကတ္တရာလမ်းပိုင်း ကျိုးပေါက်သွားခဲ့တယ်​လို့ မြို့နယ်​မီးသတ်​ဦးစီးရုံးရဲ့သတင်းထုတ်​ပြန်​ချက်​အရ သိရပါတယ်​။

လက်ရှိမှာ ​ရေစီးသန်း​နေဆဲဖြစ်​ပြီး​ခရီးသွားပြည်သူ​တွေအတွက်​​လည်း အခက်​အခဲဖြစ်​​နေဆဲဖြစ်​တယ်​လို့ ​သိရပါတယ်​။သည်​လမ်းပိုင်း​ဟာ ပုသိမ်​-မုံရွာကားလမ်းမကြီးဖြစ်​ပြီး မြိုင်​က​နေ မန္တ​လေးမြို့ကို တိုက်​ရိုက်​သွားလာနိုင်​တဲ့ အဓိကလမ်းပိုင်းလည်းဖြစ်​ပါတယ်​။

ခရီးသွားကားကြီးကားငယ်​တွေနဲ့ ခရီးသွားပြည်သူ​တွေ သွားရလာရ အခက်အခဲဖြစ်ပေါ်နေတာ​​ကြောင့်​ သည်​နေ့မှာ​တော့ ​မြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့များ၊ လင်းကတောနယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များနဲ့အရန်တပ်ဖွဲ့ဝင်​တို့က လက်​တ​လော သွားလာလို့ရ​အောင်​ ပြုပြင်​​ပေးလျှက်​ရှိတယ်​လို့လည်း ​ဒေသခံ​တွေရဲ့​ပြောပြချက်​အရ သိရပါတယ်​။

Source ;  Kumudra