Fire caused by negligence, destroyed 5 houses and 50 shops

Crime, Local, News
Spread the love

ပေါ့ဆမီးကြောင့် နန်းဖာလုံဈေးမီးလောင်၊ နေအိမ် ငါးလုံးနှင့် ဆိုင်ခန်း ၅၀ ကျော် ပျက်စီး                                                                         ==================================================

Nan Phar Lon market at Ta Mu City, Sa Gaing division was burned down by fire caused negligence of one house near by on 10:00 PM , 7 Feb 2018. The fire is stared from U Nyo ‘s house . It destroyed 5 houses and 53 shops in market. The fire is extinguished next morning 2:20 AM on 8 Feb reported by local general administration office.

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ရှိ နန်းဖာလုံဈေး မီးလောင်မှုမှာ ဈေးအနီးနေအိမ်တစ်လုံး၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၇ ရက် ည ၁၀ နာရီအချိန်ခန့်က ဈေးအနီးရှိ ဗြောက်အိုးများ သိုလှောင်ထားသည့် ဦးညို၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်ငါးလုံးနှင့် ဆိုင်ခန်း ၅၃ ခန်း ကူးစက်လောင်ကျွမ်းခဲ့ကာ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂နာရီ ၂၀ မိနစ်ခန့်မှ မီးညွှန့်ကျိုးခဲ့ကြောင်း တမူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးက ပြောကြားသည်။

“ မီးလောင်တဲ့အချိန်မှာ အိမ်ရှင်က မရှိဘူး။ ဆုတောင်းပွဲကို သွားနေတာ။ လျှပ်စစ်က ၀ါယာရှော့ခ်ဖြစ်သလား၊ ဘာကြောင့်လောင်သလဲဆိုတာ သေချာ မသိရသေးဘူး။ ပေါ့ဆမှုကြောင့်လိုပဲ ပြောရမှာပေါ့၊ အိမ်ရှင်က ဗြောက်အိုးတွေ ဘာကြောင့် သိုလှောင်ထားတယ်ဆိုတာလည်း မသိရသေးဘူး ” ဟု ၄င်းက ဆိုသည်။

ယင်းမီးလောင်မှုကို တမူးခရိုင်အတွင်းရှိ မြို့နယ်လေးခုမှ မီးသတ်ယာဉ်များနှင့် အိန္ဒိယနိုင်ငံ မိုရေးမြို့မှ မီးသတ်ယာဉ်တို့က လာရောက်ကူညီ ငြှိမ်းသတ်ပေးခဲ့ကြရသည်။

မီးစတင်လောင်ကျွမ်းစေခဲ့သည့် ဦးညိုကို တမူးမြို့မရဲစခန်းတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ သိုလှောင်မှု ပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါစခန်းမှ သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နန်းဖာလုံဈေး၏ အခြေအနေ သိရှိရန်နှင့် ဆက်လက်ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ တမူးမြို့သို့ ယနေ့ညနေတွင် ရောက်ရှိမည်ဖြစ်ကြောင်း တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထပ်မံ သိရှိရသည်။

ပုံစာ၊ မီး​လောင်​ကျွမ်းမှု ဖြစ်​ခဲ့ပြီး​နောက်​ ယ​နေ့နံနက်​ပိုင်းက ​တွေ့မြင်​ရသည့် နန်းဖာလုံ​ဈေး မြင်​ကွင်းများ။

Source ; The Voice Journal