For instance to allow foreign tourists always visit the official

Local, News, Photo
Spread the love

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားများ အမြဲတမ်း လာရောက်လည်ပတ်ခွင့်အား တရားဝင်ခွင့်ပြု

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားရာကနေ ယခု သြဂုတ်လမှ စတင်ကာ အမြဲတမ်းလာရောက်လည်ပတ်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင်ခွင့်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်းသိရသည် ။

မိုးကုတ်မြို့သို့ နိုင်ငံခြားသားများလာရောက်လည်ပတ်ခွင့်ကို ယခင်အစိုးရလက်ထပ်မှလက်ရှိအထိ တားမြစ်ထားရမှ ယခုတွင် တရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်သည် ။

” မိုးကုတ်မြို့သူမြို့သားများ အလုပ်အကိုင်အခွင့်အလမ်းများရှိရေးအတွက်ရယ် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြ တောင်းဆိုခဲ့တယ် အဲ့တာကို ခွင့်ပြုပေးလိုက်တဲ့အတွက် နိုင်ငံခြားခရီးသွားဧည့်သည်တွေ တရားဝင်သွားလာနိုင်ပါပြီ ” ဟုမိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောသည် ။

မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက်မှု သည် မန္တလေးတိုင်းဒေသကြီးနှင့် သက်ဆိုင်သည့်အတွက် မိုးကုတ် မြို့သို့ နိုင်ငံခြားသားများ အမြဲတမ်း သွား လာလည်ပတ်ခွင့်ရစေရန် ယခုလို တရားဝင်ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည် ။

‘‘မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက် ခြင်းဟာ မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့လည်း သက် ဆိုင်ပါတယ်။ အဲဒီလိုဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် နိုင်ငံတကာ ခရီး သွားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုဖို့ လိုအပ်တဲ့ အ တွက် မန္တလေးကို ရောက်တာနဲ့ မိုးကုတ်ဆိုတာသွားရောက်လည် ပတ်သင့်တဲ့ နေရာပါ ’’ ဟု ဒေါက်တာဇော်မြင့်က ပြောသည် ။

မိုးကုတ်မြို့သို့ လာရောက်မည်ဆိုလျှင် နိုင်ငံခြားသားအနေဖြင့် ခွင့်ပြုထားသည့် မိုးကုတ် မတ္တရာ သပိတ်ကျင်း မိုးကုတ် လမ်းကြောင်းအတိုင်းသာ သွားရောက် ရမည်ဖြစ်ပြီး ပြင်ဦးလွင် မိုးကုတ်လမ်းတွင် လာရောက်မည်ဆိုပါက ခွင့်မပြုကြောင်းသိရသည် ။

‘‘ပုံမှန်ကတော့ နိုင်ငံခြားသားတွေက ကျောက် မျက်နဲ့ပတ်သက်ပြီး လာတာ ရှိတယ်။ သံရုံးတွေနဲ့ ပတ်သက်ပြီး လာတာရှိတယ်။ ဟိုတယ်ခရီးနဲ့ ပတ်သက်ပြီး လာတာတွေရှိတယ်။ ခုလို လွတ်လွတ်လပ်လပ်သွားလာခွင့်ရတော့ မိုးကုတ်ဒေသခံတွေအတွက် စီးပွားရေးအခြေအနေ တက်လမ်းရှိတာပေါ့’’ ဟု မိုးကုတ် ဒေသခံ ကိုသားငယ်ကပြောသည်။

မိုးကုတ်မြို့တွင် ဗမာ၊ လီ ဆူ၊ ရှမ်း၊ ပလောင်၊ ဂေါ်ရခါး စသည့်တိုင်းရင်းသားလူမျိုးများ နေထိုင် ပြီး ကမ္ဘာကျော် ပတ္တမြားအပါ အဝင် အဖိုးတန်ကျောက်မျက် ရတနာမျိုးစုံ ထွက်ရှိမှုကြောင့် ထင်ရှားသည့်မြို့ ဖြစ်သည်။ တောတောင်များ ပတ်လည်ဝိုင်း ကာအေးမြ သော ရာသီဥတုနှင့် သမိုင်းဝင် စေတီပုထိုးမြောက် မြားစွာ တည်ရှိသည်။

နေထက် ( Mogok Views )

Source