Myanmar Film Full of 100 years eve donation by Mitta Thingaha Group

Cele, Local, News
Spread the love

မေတ္တာသင်္ဂဟအဖွဲ့က မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အကြို
အလှူ

မေတ္တာသင်္ဂဟအဖွဲ့က မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အကြို
အလှူအဖြစ်
-မြင်းခြံမြို့နယ်၊အဖြူရောင်လက်များပရဟိတဆရာတော်ကျောင်းတိုက် အတွက် ရေလှောင်ကန် ၁ ကန်။
-တောင်သာမြို့နယ်အတွင်းရှိ ချောင်းနားရွာနှင့်ဒါန်းတိုင်ရွာ ၂-ရွာအတွက် ရေလှောင်ကန် -၂ ကန်။
နွားထိုးကြီးမြို့နယ် အတွင်းရှိ ဆားတောင်ကျေးရွာအတွက် ရေလှောင်ကန်-၁ ကန်။
-မကွေးမြို့နယ်၊ကြာကန်ကျေးရွာအတွက် ရေလှောင်ကန်-၁ ကန်။
-ကျောက်ပန်းတောင်းမြို့နယ်၊ဘိုးဘွားရိပ်သာအတွက် စက်ရေတွင်းနှင့်ရေလှောင်ကန်-၁ ကန်။
စုစုပေါင်း (၆)နေရာတွင် သဒ္ဓါကြည်လင် အလှူရှင်များ၏စုပေါင်း လှူဒါန်းငွေများဖြင့် တည်ဆောက်ပြီးစီးသွားခဲ့ပြီဖြစ်ပါ၍ ယနေ့ သြဂုတ်လ(၁၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ရေအလှူအောင်ပွဲကို မြင်းခြံမြို့၊ကိုးဆောင်ကျောင်းတိုက်၊ပုခန်းကျာင်း၌ ရေစက်ချလှူဒါန်းခဲ့ကြပြီး ရဟန်း၊သံဃာ (၁၁)ပါးအား ဝါဆိုသင်္ကန်း များဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

မေတ္တာသင်္ဂဟအဖွဲ့ – ၂၅၀ သိန်း
Forever Group -၅၀ သိန်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး -၁၀ သိန်း

Source: Popular Journal