Myanmar Traditional Owe Poat Festival

Festival, Local
Spread the love

“အိုးပုတ်ပွဲတော် ဒို့နွှဲပျော် ”

မြန်မာ့ရိုးရာ ချစ်စရာ ၊ ကလေး ကစားစရာ အိုးပုတ်ပွဲတော် … ဆိုတာ

♥️♥️♥️ မင်းတုန်းမင်းလက်ထက်က အောက်ပြည်အောက်ရွာကနေ တောင်ပြုံးပွဲသို့ ဈေးလာရောက်ရောင်းချတဲ့ စဥ့်သည်တွေ အိုးသည်တွေက တောင်ပြုံးပွဲ မရောက်ခင် ဒီနေရာလေးမှာပဲ တထောက်နားရင်း မိမိတို့ကုန်တွေကို ရောင်းချရာကနေ ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ် ။

♥️♥️♥️ ဒီအိုးပုတ်ပွဲမှာ လာရောင်းကြတဲ့ အိုးပုတ်သည်တွေဆီက အိုးပုတ်တွေကို ပွဲလာသူတွေက အပျော်သဘောနဲ့ စနောက်ရင်းကနေ ” အိုးပုတ် ခိုးပွဲတော် ” လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ် ။

♥️♥️♥️ ပိုင်ရှင်ကသိလို့ နောက်ကလိုက်တောင်းရင် ပေးသူကပေး ၊ တချို့က စနောက်ပြေးလွှားရင်း အိုးပုတ်တွေ ခွဲရာကနေ ” အိုးပုတ် ခွဲပွဲတော် ” လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ် ။

Source: The Wheel Travel လှည်းဘီးကလေးနဲ့ လှိမ့်ကြစို့