Overload container truck crashed at the bridge over Shwe Pan Chaung River

General
Spread the love

ကုန်အပြည့်တင်ဆောင်လာသည့်တွဲကား ရွှေပန်းပင်ချောင်း ရေကျော်တံတားအတွင်း ကျွံကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တောင်တွင်းကြီး-နတ်မောက်သွားကားလမ်းပေါ်ရှိ ရွှေပန်းပင်ချောင်း ရေကျော်တံတားတွင် ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်နေ့ ညနေပိုင်းက ကုန်အပြည့်တင်ဆောင်လာသည့် တွဲကားတစီး ကျွံကျပြီး ယာဉ်အသွားအလာပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်မှစတင်၍ လေကြီးမုန်တိုင်းတိုက်ကာ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့သစ်မြို့နယ်အတွင်းရှိ ချောင်းများတွင် ချောင်းရေများကျဆင်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ အချိန်ခန့်က အောင်လံမြို့နေသူ ယာဉ်မောင်း ပြည့်ဖြိုးအောင်၊ ယာဉ်နောက်လိုက် အောင်ရာဇာမင်းတို့ မောင်းနှင်လာသော ယာဉ်အမှတ် 8J/6582 FUSO အဖြူရောင်တွဲကား ယာဉ်သည် သကြားအိပ် (၃၂)တန်အားတင်ဆောင်လျှက် မန္တလေးသို့အသွား မြို့သစ်မြို့နှင့် ၅ မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ( ၂၁/၃နှင့်၂၁/၄ ) ကြားရှိ မြို့သစ်မြို့နယ် ရွှေပန်းပင်ရေကျော်တံတားတွင် ရေကျော်အား ဖြတ်သန်းမောင်းနှင်ခဲ့ရာ ရေကျော်ထဲတွင်ကားဦးခေါင်းကျွံကျသွားခဲ့ပြီး ကားဦးခေါင်းပိုင်းမှာ တဖြည်းဖြည်းနစ်မြုပ်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများ အသီးသီးရောက်ရှိလာပြီး ၄င်းနှစ်မြုပ်ကျွံနေသည့်တွဲခေါင်းအား အမြန်ဆုံးပြန်လည်ဆွဲထုတ်နိုင်ရန် ဝိုင်းဝန်းလုပ်ဆောင်နေကြကြောင်း သိရှိရသည်။

Source ;  Facebook