Royal Club Cup Football press conference

Cele, Local, News
Spread the love

အနုပညာရှင်ပေါင်းစုံ လေးသင်းပတ်လည် Royal Club Cup ဘောလုံးပြိုင်ပွဲ စာနယ်ဇင်းရှင်းလင်းပွဲ

၂၀၁၉ စက်တင်ဘာ ၇၊ ၈ ရက်နေ့များတွင် မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာ ကျင်းပမည့် အနုပညာရှင်ပေါင်းစုံ လေးသင်းပတ်လည် Royal Club Cup ဘောလုံးပြိုင်ပွဲ စာနယ်ဇင်းရှင်းလင်းပွဲကို သြဂုတ်လ ၁၆ ရက်နေ့၊ နေ့လည် ၁နာရီက M3 Food Center မှာ ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၇ရက်နေ့ မှာ Music FC Vs Model FC တို့ လည်းကောင်း၊ Movie FC Vs Forever FC တို့လည်းကောင်း ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး စက်တင်ဘာ ၈ရက်နေ့မှာ တတိယလုပွဲ နဲ့ ဗိုလ်လုပွဲစဉ် တို့ကို ယှဉ်ပြိုင်ကစားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံ- အောင်ဇော်မင်း

Source: Popular Journal